Outline VPN ဆိုတာဘာလဲ

Outline ဆိုတာ Jigsaw က developလုပ်ထားတဲ့ free open source tool ပါ။ (Jigsaw ဆိုတာက ကျနော်တို့သိကြတဲ့ Googleရဲ့အောက်က team တခုပါ)။

Outline ကိုအသုံးပြုပြီးတော့ ကိုယ်ပိုင် Private VPN Server ကို နှစ်သက်ရာ Cloud Platform(AWS, Azure, DigitalOcean, etc) ပေါ်မှာ အလွယ်တကူ တည်ဆောက်နိုင်ပါတယ်။ Cloud ပေါ်မှာ အသုံးပြုရတာဖြစ်တဲ့အတွက် Virtual Instance(Server) အတွက် Cost တော့ကုန်ကျပါမယ်။

Shadowsocks protocol ကို အသုံးပြုပြီး Client နဲ့ Server ကို ချိတ်ဆက်တာဖြစ်တဲ့အတွက် traffic တိုင်းကို encryption လုပ်ထားတာဖြစ်တဲ့အတွက် အချက်အလက်ကလဲ လုံခြုံစိတ်ချနိုင်ပါတယ်။ ပြီးတော့ တချို့VPN တွေလို ISP တွေက အလွယ်တကူ Blockဖို့လည်းမလွယ်ကူပါဘူး။ Technology စိတ်ဝင်စားတဲ့သူတွေကတော့ အသေးစိတ်ရှာဖတ်နိုင်ပါတယ်။ comments box မှာလဲ ref link တချို့ထည့်ပေးပါမယ်။

Outline Software Suite ထဲမှာ ဘာတွေဘာလဲဆိုတော့ အဓိက က ၂ ပိုင်းရှိပါတယ် Server ပိုင်းနဲ့ Client ပိုင်းပါ။

Server ပိုင်းကတော့ ကိုယ်တိုင် setup လုပ်ချင်တဲ့သူတွေက နည်းပညာနဲ့မစိမ်းတဲ့သူတွေဖြစ်မယ်ဆိုတော့ လေ့လာပြီးလုပ်နိုင်လို့ အသေးစိတ်မရှင်းပြတော့ပါဘူး။ သိချင်ရင် အချိန်မရွေးလာမေးလို့ရပါတယ်။

Outline Client ကအောက်ပါOS တွေအတွက်သက်ဆိုင်ရာ link တွေက download ချပြီး Outline Server က ထုတ်ထားတဲ့ access key ကို အသုံးပြုပြီး ချိတ်ဆက်ကာ အသုံးပြုနိုင်ပါတယ်။
1. Android
2. iOS
3. Window
4. MacOS
5. Linux
6. Chrome
Download link ကို comments box မှာထည့်ပေးပါမယ်။
Outline VPN (Client) ကိုဘယ်လိုသုံးရမလဲ

===============================
1. Outline app ကိုDownload လုပ်ပါ။
2. Access key ကို copy ကူးထားပါ။ Access Key တိုင်းက ss:// နဲ့စပါတယ်။
3. Outline app ကိုဖွင့်ပါ။
4. App ပွင့်လာရင် Add Server ဆိုတာကိုနှိပ်ပါ။
5. Copy ကူးထားတဲ့ key ကို ထည့်ပါ။ တချို့ဖုန်းတွေမှာဆို copy ကူးထားတာနဲ့ ထည့်ပြီးသားဖြစ်နေတတ်ပါတယ်။ ပြီးတာနဲ့ ADD SERVER ဆိုတဲ့ button ကိုနှိပ်ပါ။
6. Server add အောင်မြင်တယ်ရင် CONNECT ဆိုတဲ့ button လေးပေါ်လာမှာဖြစ်ပါတယ်။ CONNECT button ကိုနှိပ်ပြီး server ကိုချိတ်ဆက်လို့ရပါပြီ။
7. ဖုန်းအမျိုးအစားပေါ်မူတည်ပြီးတော့ထပ် မေးတဲ့ permission တချို့ကို Allow လုပ်ပါ။

တခု ဂရုစိုက်ရမှာက တခြား VPNတွေလိုဘဲ အင်တာနက်အရင်ဖွင့်ပြီးမှ VPN connect လုပ်ပါ။ အင်တာနက်မပိတ်ခင် VPN disconnect လုပ်ပါ။
အောက်မှာ တဆင့်ခြင်းဆီကို ပုံနဲ့ရှင်းပြထားပါတယ်။ အဆင်မပြေတာရှိရင် အချိန်မရွေး မေးမြန်းနိုင်ပါတယ်။
 |
Add Server ကိုနှိပ်ပါ |
 |
Page ကနေပေးထားတဲ့ Access key ကို ထည့်ပါ |
 |
Connect ကိုနှိပ်ပါ |
0 Comments